For women who have participated in CDM (Civil Disobedience Movement), when thinking about a business to support themselves, they mostly think about learning sewing, which is a vocational skill.
However, it is not easy to find a personal device, other necessary materials, and someone to teach. Therefore, a tailoring course was opened from Blooming Padauk – Padauk Phue the machines needed for those who will attend the course. In order to purchase basic materials for other sewing machines, each person received support at the rate of one and a half hundred thousand kyats (150,000 MMK)
Teaching the course through online videos; Teaching with zoom, etc., was taught so that the participants could understand and apply it in practice. Not only women but also some men attended the tailoring course. Now, the participants of the tailoring training course are happy to hear that it is convenient for them to do practical work as a career.
By standing together with the people as CDMs, the Blooming Padauk – Padauk Phue team is constantly working hard to support people in their lives.
Burmese Version
CDM ပြုလုပ်ခဲ့သော အမျိုးသမီးများအနေဖြင့် ဘ၀ရပ်တည်ရေးအတွက် လုပ်ငန်းစဉ်းစားရာတွင် အသက်မွေး၀မ်းကြောင်းပညာတစ်ခုဖြစ်သော စက်ချုပ်ခြင်းပညာကို သင်ယူရန်အတွက်အများဆုံးစဉ်းစားကြပါသည်။
သို့ရာတွင် ကိုယ်ပိုင်စက်၊အခြားလိုအပ်သောပစ္စည်းများနှင့် သင်ကြားပေးမည့်သူကိုရှာဖွေရန်မှာမလွယ်ကူလှပါ ။ ထို့ကြောင့် ပိတောက်ဖူးမှ စက်ချုပ်သင်တန်းတစ်ခုဖွင့်လှစ်ခဲ့ပြီး သင်တန်းတက်ရောက်မည့်သူများအတွက် လိုအပ်သော စက် ၊ အခြားစက်ချုပ်ခြင်းအတွက်အခြေခံလိုအပ်သောပစ္စည်းများ၀ယ်ယူရန်အတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းခွဲ နှုန်းဖြင့် ထောက်ပံ့ကူညီပေးအပ်ခဲ့ပါသည်။
သင်တန်းကို online မှ တစ်ဆင့် video များဖြင့်သင်ကြားခြင်း၊ zoomဖြင့်သင်ကြားခြင်း စသည်ဖြင့် သင်တန်းသားများ နားလည်ပြီးလက်တွေ့အသုံးချ နိုင်ရန်အတွက် သင်ကြားပေးခဲ့ပါသည်။ စက်ချုပ်သင်တန်းတွင် အမျိုးသမီးများသာမက အမျိုးသားအချို့လဲ တက်ရောက်ခဲ့ကြပါသည်။ ယခုဆိုလျှင် စက်ချုပ်သင်တန်းမှ သင်တန်းသားများအနေဖြင့် အသက်မွေး၀မ်းကြောင်းအလုပ်အဖြစ် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ပြီး အဆင်ပြေတာကိုကြားသိရသည့်အတွက် ပိတောက်ဖူးအဖွဲ့အနေဖြင့် ၀မ်းသာပီတိဖြစ်ရပါသည်။
CDMများအ နေဖြင့် ပြည်သူနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့လို့ မျက်နှာမငယ်ရဘဲ ဘ၀ရပ်တည်နိုင်ရေး အထောက်အကူပြုနိုင်ရန် ပိတောက်ဖူးအဖွဲ့မှ အစဉ်ကြိုးစားဆောင်ရွက်နေပါသည်။