
Children are the foundation of the future, so education is essential for children to learn.
In order to help the children of Civil Disobedience Movement (CDM) family members and the children of activists who had against the Military coup for study, school expenses were provided at the beginning of the school year. In this time, with the support of Better Burma, we were able to provide some school fees for the children.
The children who were followed bravely to participate their parents’ activities and sacrifices for human rights, the children who don’t know the difficulties to live other country without legal documents. They only happy for study and to attend the school. Our team members also glad to help those innocent children and shared with happy moments.
Due to some circumstances in providing school fees, only a limited number of people can be supported. We must continue to try to contribute to the education of more children.
To Better Burma for supporting the education of these children. On behalf of the CDM family members and activists, the Blooming Padauk – Padauk Phue team would like to express our gratitude.
Burmese Version
ကလေးများဟာ အနာဂတ်ရဲ့အခြေခံအုတ်မြစ် ဖြစ်တာကြောင့် ပညာရေးဟာ ကလေးတွေအတွက်မရှိမဖြစ် သင်ယူသင့်တဲ့အရာပဲဖြစ်ပါတယ်။
ပိတောက်ဖူးအဖွဲ့ မှ ဘက်ကူးပြောင်းခဲ့တဲ့ CDM မိသားစု၀င်များနဲ့ တက်ကြွလှုပ်ရှားသူများ၏ ရင်သွေးငယ်ကလေးများ ပညာသင်ကြားရာမှာအထောက်အကူဖြစ်စေရန်အတွက် စာသင်နှစ်အစကျောင်းဖွင့်ချိန်မှာ ကျောင်းစရိတ် ပံ့ပိုးကူညီထောက်ပံ့မှုတွေပြုလုပ်ပေးခဲ့ပါတယ် ။ ယခုတစ်ခါမှာတော့ Better Burma ရဲ့ ပံ့ပိုးကူညီမှုနှင့်အတူ ကလေးများအတွက် ကျောင်းစရိတ်တစ်ချို့ကိုလည်း ပေးအပ်နိုင်ခဲ့ပါတယ် ။
မိဘတွေရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုများ ၊စွန့်လွှတ်အနစ်နာခံပေးဆပ်မှုများမှာ ရဲရဲဝံ့ဝံ့နဲ့အတူလိုက်ပါခဲ့ကြတဲ့ကလေးတွေရယ် ၊ အပူအပင်မရှိ ရယ်မောပျော်ရွှင်နေကြတဲ့ ကျောင်း စ တက်ကာစ ကလေးငယ်ငယ်လေးတွေရယ် ကို ကြည့်ရင်း အဖွဲ့သားတွေပါ အတူ ပျော်ရွှင်ကြည်နူးမိခဲ့ကြပါတယ်။
ကျောင်းစရိတ်ပေးအပ်ရာမှာ အခြေအနေတချို့ကြောင့် လူဦးရေအကန့်အသတ်နဲ့ပဲ ပံ့ပိုးကူညီနိုင်ပါသေးတယ်။ ဒီထက်များပြားတဲ့ ကလေး တွေရဲ့ပညာရေးအတွက် အထောက်အကူဖြစ်နိုင်အောင်လည်း ဆက်လက်ကြိုးစားရပါအုံးမယ်။
ယခုလို ကလေးငယ်များ ပညာရေးအတွက် ကူညီပံံ့ပိုးပေးပါသော Better Burma အား
CDM မိသားစု၀င်များနဲ့ တက်ကြွလှုပ်ရှားသူများကိုယ်စား ပိတောက်ဖူးအဖွဲ့က ကျေးဇူးအထူးတင်ရှိပါတယ်။