
The CDM soldiers and family members along the border are more dangerous than other CDMs and face the risk of being searched and arrested by the relevant authorities and sent back to the Myanmar military.
It is very difficult for CDM family members to survive as they have no opportunity to work outside. It is difficult to even work as a basic general worker. Due to financial disparities, home rental fees are also very expensive for them.
Safe Houses can only accept (3) to (6) months, and most of them are renters due to the population and lack of support.
Due to facing these difficulties, the basic necessities of a person’s survival, such as food, living, and rental fees have become difficult.
As Better Burma provides support for three (3) monthly house rents, six (6) CDM families who are experiencing difficulties have been able to reduce their suffering by including an amount, even if not the entire house rent.
It was also a psychological aid for anxiety. The Blooming Padauk-Padauk Phue organization will also work hard to make these programs more.
Burmese Version
ပိတောက်ဖူးရဲ့ safe house
နယ်စပ်တလျှောက် ရှိ CDM စစ်သားများ နှင့် မိသားစုဝင်များသည် အခြားCDMများထက်အန္တရာယ်များပြီး သက်ဆိုင်ရာ အာဏာပိုင်များမှ ရှာဖွေဖမ်းဆီးကာ မြန်မာစစ်တပ်သို့ ပြန်ပို့နိုင်သည့်အန္တရာယ်ကို ရင်ဆိုင်နေကြရပါသည်။
CDM မိသားစု၀င်များသည် ပြင်ပတွင် အလုပ်လုပ်ရန် အခွင့်အလမ်း မရှိသောကြောင့် ရှင်သန်ရန် ခက်ခဲလှပါသည်။ အခြေခံ အထွေထွေအလုပ်သမားအဖြစ် အလုပ်လုပ်နိုင်ရန်အတွက်ပင် ခက်ခဲနေသည့်အခြေအနေဖြစ်နေပါသည်။ ငွေကြေးကွာဟမှုများကြောင့် အိမ်ငှားခများ မှာလည်း သူတို့အတွက် အလွန်ပင် ဈေးကြီးနေပါသည်။
Safe Houseများမှာလည်း (၃)လ မှ (၆)လအတွင်းသာလက်ခံပေးနိုင်ကြပြီး လူဦးရေနှင့် ထောက်ပံ့နိုင်မှုမမျှမှုကြောင့် အများစုမှာ အိမ်ငှားနေကြရပါတယ်။
ဒီလိုအခက်အခဲတွေကိုကြုံတွေ့ရတာ ကြောင့် လူတစ်ယောက်အသက်ရှင်သန်ရေးမှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စား၀တ်နေရေးထဲမှ နေထိုင်ရေး၊အိမ်လခအတွက် အခက်အခဲတွေဖြစ်လာပါတော့တယ်။
ယခုလို Better Burma က အိမ်လခ (၃)လစာ အတွက် ပံ့ပိုးပေးတာကြောင့် အခက်အခဲတွေ့နေသူ CDM မိသားစု (၆)စုကို အိမ်လခ အလုံးစုံမဟုတ်သည့်တိုင် ပမာဏတစ်ခုပါ၀င်ပေးခြင်းအားဖြင့် ၎င်းတို့၏ ဒုက္ခကိုလျော့ကျစေနိုင်ခဲ့ပါတယ်။
စိတ်ပူပန်မှုများအတွက် စိတ်ပိုင်းဆိုင်ရာအကူအညီလည်းဖြစ်ခဲ့ပါတယ်။
ပိတောက်ဖူးအဖွဲ့မှလည်း ယခုလို အစီအစဉ်တွေကို ထပ်မံပြုလုပ်ပေးနိုင်ရန် အတွက် ကြိုးစားဆောင်ရွက်သွားပါမယ်။