Among the challenges faced by the families of CDM soldiers who switched sides in the struggle for democracy, health is one of them.

Even in the country, there are people who cannot afford the high costs of health care, so in a place where hospital costs are high, if any health problem occurs, they are anxious to find someone who can help them because they cannot afford it themselves.

We hope to support the overall health and resilience of CDM soldiers’ family members.
to enable them to access necessary health care services; To ensure their health and to meet their medical needs, Blooming Padauk-Padauk Phue supported them.

Childbirth time is very important for mother and child, so it is also a great example of humanitarianism to support a healthy and well-medicated birth.

Burmese Version

ဒီမိုကရေစီတိုက်ပွဲတွင် ပြည်သူဘက်သို့ ဘက်ကူးပြောင်းခဲ့ကြသော CDM စစ်သည်များ၏ မိသားစုများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲတွင် ကျန်းမာရေး ကိစ္စသည်လည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။

အခြေခံစား၀တ်နေရေးကဲ့သို့ ကျန်းမာရေးသည်လည်း ၀င်ငွေ မရှိသော သူတို့ဘ၀အတွက် အခက်အခဲတစ်ခုဖြစ်လာပါသည်။ ပြည်တွင်း၌ပင် ကျန်းမာရေးအတွက် ကုန်ကျစရိတ်များပါက မတတ်နိုင်ကြသူများရှိသည်ဖြစ်ရာ ယခုလို ဆေးရုံစရိတ် ကြီးသောနေရာတွင် ကျန်းမာရေး ပြဿနာတစ်စုံတစ်ခုဖြစ်လာပါက မိမိကိုယ်တိုင်မတတ်နိုင်သည့်အတွက် အကူအညီ ပေးနိုင်မည့်သူများကိုရှာဖွေကြလျှက် ပူပင်သောက ရောက်နေကြရပါသည်။

CDM စစ်သည်များ၏ မိသားစုဝင်များ၏ အလုံးစုံကျန်းမာရေးနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိရေးတို့ကို ပံ့ပိုးကူညီရန် ပိတောက်ဖူးအနေနဲ့ မျှော်လင့်ထားပြီး ၎င်းတို့အား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်စေရန်၊ ၎င်းတို့၏ ကျန်းမာရေးကို အာမခံရန်နှင့် ၎င်းတို့၏ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ပိတောက်ဖူး မှ ပံ့ပိုးကူညီပေးခဲ့ပါသည်။

မိခင်နှင့်ကလေးအတွက် မီးဖွားချိန်သည် အလွန်အရေးကြီးသည့်အတွက် ဆေးဝါးစုံလင်စွာနှင့် ကောင်းမွန်စွာ မွေးဖွားနိုင်ရန် အတွက် ပံ့ပိုးကူညီရခြင်းသည်လူသားချင်းစာနာထောက်ထားမှုအတွက် အကောင်းဆုံးပြယုဒ်တစ်ခုလည်းဖြစ်ပါသည်။

Leave a comment

Your email address will not be published. Required fields are marked *